“ဒေါ်အောင်ဆန်းစုကြည် အလွန် မြန်မာ့နိုင်ငံရေး (သို့) သူမချန်ထားရစ်ခဲ့ချင်တဲ့ မြန်မာ့နိုင်ငံရေးအသွင်အပြင်”


“ဒေါ်အောင်ဆန်းစုကြည် အလွန် မြန်မာ့နိုင်ငံရေး (သို့) သူမချန်ထားရစ်ခဲ့ချင်တဲ့ မြန်မာ့နိုင်ငံရေးအသွင်အပြင်”

ပေါ့ပျက်ပျက်နဲ့ ပြည်သူကို အထင်သေးခဲ့မိတာရယ်၊ NUG ကို လေလှိုင်းအစိုးရပါဆိုပီး လှောင်ခဲ့ကြတာဟာ အခုချိန်မှာ မှားသွားမှန်း သိခဲ့ကြပေမယ့် အချိန်မမှီတော့တာကို သဘောပေါက် တုန်လှုပ်နေကြပါတယ်။ ဒေါ်ဇင်မာအောင် ရဲ့ စကားက ထိရောက်လှတာ သိသွားပါတယ်။ ဘယ်လိုအရာမျိုးကိုမဆို ပေးဆပ်ရန် မြန်မာပြည်သူတွေဟာ အသင့်ဖြစ်နေကြပီ ဆိုတဲ့ UN ကို ပြောလိုက်တဲ့စကားဟာ စစ်ကောင်စီအတွက် အင်မတန် ဒေါ သထွက်ပီး တုန်လှုပ်စေခဲ့ပါတယ်။ စစ်ရေးအရ ပြောရရင် ထိုးစစ်ဆင်ဖို့ ပြင်နေပြီလို့ ပြောတာပါ။


ခုချိန်ထိ NUG ဟာ လုပ်စရာရှိသည်များကို တဆင့်ချင်း လုပ်ဆောင်နေတာပါ။လေလှိုင်းအစိုးရ ဆိုတာကိုပဲ ပြည်သူတွေ ထောက်ခံပီး ယုံကြည်နေမှုဟာ စကစ အတွက် အခံရခက်စေပါတယ်။ KIA က လိုင်ဇာကို လာထိရင် ရန်ကုန် သို့မဟုတ် မန္တလေး ဟာ လိုင်ဇာဖြစ်သွားမယ်လို့ ပြောခဲ့တာ လေပေါလို့ ပြောတာမဟုတ်ဘူး ဆိုတာ တိုက်ပွဲ တွေကသက်သေပါပဲ။ ဒေါက်တာ ဆလျန်းမှုန်းခေါင် ပြောခဲ့တာ ရှင်းပါတယ်။ စကစ ထဲမှာ ဗိုလ်ချုပ်တစ်ချို့ဟာ အာဏာသိမ်းတာကို မကြိုက်ကြတဲ့ ဗိုလ်ချုပ်တွေ အများကြီး ရှိပါတယ်လို့ ပြောပါတယ်။


ဒါဟာလည်း အမှန်တကယ်ပါ။ ယနေ့ စကစဟာ ဘာလို့ တိုက်တိုင်း ရှုံးရသလည်းဆိုရင် သူတို့ထဲမှာကိုက အရာရှိ တချို့ဟာ NUG ကို သတင်းပေးပီး ကြိုပြောထား ရှောင်ခိုင်းထားလို့ ရှုံးရတာပါ။ တကယ်တမ်းက NUG ကို NLD အစိုးရထင်လိုက်ခြင်းဟာ မှားယွင်းမှုကြီးဖြစ်ကြောင်းနောက်ကျစွာ သိလိုက်ရခြင်းပါ။ ၂၀၁၅ မှာ စကစ က NLD ကို သုံးပြည်နယ် နဲ့ တိုင်းတခုတောင်းခဲ့ပေမယ့် NLD ကမပေးခဲ့ပါဘူး။ သိန်းစိန် လက်ထက်မှာတုန်းက ခြေဥ ပုဒ်မ ၂၆၁ ကို မပြင်ခဲ့ဘဲ NLD လက်ထက်ကျမှ ပြင်ဖို့ ထောင်ချောက်ဆင်ပေမယ့် လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ကြတဲ့အခါ မှာ NLD ကလည်း ပေးမပြင်ခဲ့ပါဘူး။


သူတို့တောင်းဆိုသလိုသာ ပြင်ခွင့်ပေးရင် ပြည်နယ်အစိုး ရမှာ စစ်တပ်ခြေဝင်စွက်မှုရသွားပီး ယခုထက်အာဏာပိုစောစွာ သိမ်းဖို့ အကွက်ဝင်သွားမှာပါ။ ပုဒ်မ ၄၃၆ က မပြင်ဘဲ ၂၆၁ ကို အရင်ပြင်ရင် ပြည် ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရ ပြဿနာတက်ပီး အာဏာ ချက်ချင်း သိမ်းလို့ ရသွားမှာပါ။ ဒါ့ကြောင့် NLD အစိုးရကို ပြဿနာရှာမရလို့ မဲစာရင်း အကြောင်းပြပီး အာဏာသိမ်းခြင်းဖြစ်ပါတယ်။ ယခု တော့ NUG ဟာ ယခင် ၂၀၁၅ တုန်းက NLD လုပ်ဆောင်မှုကို နည်းယူပီး ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၁၅ မှာ အစိုးရထဲမှာ ဘက်မတူသူ အမြင်မတူသူ များကိုထည့်သွင်းခဲ့ပါတယ်။


ယခု NUG ဟာ ထိုနည်းကို ပိုမိုအကောင်ထည်ဖော်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အလွန်နိုင်ငံရေး ဖြစ်ပါတယ်။ အမေစု လိုချင်တာ ဒါမျိုးပဲ ဖြစ်ပါတယ်။ အကယ်၍ စကစ သာအာဏာမသိမ်းခဲ့ရင် စစ်တပ်ကို အာဏာလျှော့ချပီး စစ်တပ်က အနားယူသူများကို အစိုးရအဖွဲ့ဝင်နေရာတချို့မှာ နေရာပြန်ပေးပီး ပူးပေါင်းလုပ်ဆောင်စေကာ စစ်တပ်ကို တန်းလျားပြန်ပို့ပေးဖို့ပါ။ ပြည်သူလည်း အမြင်ကြည် စစ်တပ်ကို အမုန်းတရားနည်းစေဖို့ လုပ်ဆောင်ပေးဖို့ပါ။ ခုတော့ အာဏာရူးလိုက်တာ အဆုံးသတ်တိုက်ပွဲ ဖြစ်သွားပါပီ။ဒဏ်ရာမကျက်ခင်မှာ အနာထပ်ပေးလို့ ပြည်သူတွေ စစ်တပ်ကို နားကျည်းမုန်းတီးသွားပါပီ။


NUG ဟာ ဖက်ဒရယ်ချာတာကို စနစ်တကျ ကျင့်သုံးလို့ ပြည်သူက ယုံကြည်မှု အရမ်းအားကောင်းသွားပါတယ်။ ယနေ့ နိုင်ငံတကာက NUG ကို မျက်လုံးဒေါက်ထောက်ကြည့်နေပါတယ်။ NUG ရဲ့ PDF ဖွဲ့စည်းခြင်းကို အပြစ်မပြောဘဲ မသိလိုက်မသိဘာသာ နေပေးခြင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံ တကာက ဒါကို ထောက်ခံနေတာ သိသာပါတယ်။ NUG ဟာ CRPH ကြောင့် ဖြစ်လာတဲ့အစိုးရပါ။ NUG က သမ္မတ အစပြုပြီး ကျန်သောအစိုးရဖွဲ့အားလုံးကို ဗဟို အမိန့်နဲ့ ဖြုတ်ချလို့မရပါ။ CRPH ကသဘောတူမှ ဖြုတ်ချလို့ရပါတယ်။ လွှတ်တော်၊ သမ္မတ၊ အစိုးရ အစုသုံးခု ကို Chack & Balance တည်ဆောက်ပီး Good Goverment နဲ့ Clean Department အဖြစ်ရောက်အောင် လမ်းဖောက်ခြင်းပါ ။ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများ နည်းအတိုင်းပါပဲ။


ယနေ့ အစိုးရတစ်ရပ် အသိအမှတ်ပြုရေးအတွက် အ ထိုင်ချဖို့ နေရာရရန် NUG ဟာ စစ်ကို သေချာပေါက်တိုက်ဖို့ ဖြစ်လာပါလိမ့်မယ်။အကယ်၍ R2P ဝင်ခဲ့ပါရင်တော့ စစ်ကို ရှောင်လွှဲပီး စစ်တပ်ကို ဖျက်သိမ်းလို့ အသစ်ပြန်ဖွဲ့ကာ ယခု PDF များနဲ့အတူ EAO တွေကိုပါ စစ်တပ်အသစ်မှာသင့်တော် ရာထူးပေးပီး ပြန်တည် ဆောက်မှာပါ။ အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာဆိုတာ ခုရေတွင်းတူးခုရေကြည်သောက်လို့မရနိုင်ပါဘူး။ ရက်ပိုင်းလပိုင်း အတွင်း ဒီပွဲကြီးပီးမယ်လို့ ထီပေါက်သလိုမျိုးမရပါဘူး။ မကြာခင်ရက်ပိုင်းမှာ အာဏာသိမ်းတာ ၆ လပြည့်ပါတော့မယ်။


မြို့သိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်သေးပါဘူး။ စစ်တပ်တစ်ခုရဲ့ အင်္ဂါရပ်နဲ့အညီ ကြည်း ရေ လေ ဖွဲ့မှာပါ။ စစ်တိုက်တာ ကြည်းတပ် တစ်ခုတည်းနဲ့ မရပါဘူး။ ရေ ကြောင်းပညာ လေကြောင်းပညာ တိုက်ပွဲတွေပါရမှာပါ။ ဒီအရာတွေအတွက် NUG ကပြင်ဆင်လုပ်ဆောင်နေပါပီ။ ဘယ်လိုလုပ်တာလည်း မမေးနဲ့ မသိပါ။ ယခု ကာကွယ်ဆေး အတွက်တောင် ၆ သန်းထိုးမယ် လူဦးရေ ၂၀ % ဆိုတာ အမှန်ပါ။ ဒါဟာ အခြေချစရာ နေ ရာတစ်ခု ရှိပီဆိုတာ သေချာသွားပါပီ။ အဲ့အတွက် မြေခွေးနဲ့တူသော စကစ တွေ အစွယ်ကို စချိုးလိုက်တာပါ။ ကမ္ဘာမှာ အရေးတကြီး ပြဿနာကို စတင်ဖြေရှင်းခြင်းဖြင့် ပထမဆုံး ကျည်တတောင့်ကို စပစ်လိုက်တာပါ။ ဒါ့ကြောင့်လည်း တရုတ်ဟာ အထိတ်တလန့်ဖြစ်ပီး KIA ကို မျက်နှာချိုသွေးလို့ ကာကွယ်ဆေးပေးရခြင်းပါ။ NUG ဘာလုပ်နေတယ်ဆိုတာကို ခန့်မှန်းလို့မရပေမယ့် စကစ ဘာလုပ်မယ်ဆိုတာကို NUG က ကျနော်တို့ထက် ပိုသိပါတယ်။ လိုရင်းအချုပ်ပြောရင် NUG က NUG အလုပ်လုပ် ပြည်သူက ပြည်သူအလုပ်လုပ် PDF က PDF အလုပ်လုပ်နေကြဖို့ဘဲ လိုပါတယ်။


တိုက်ပွဲဆိုတာ ဒါကိုပြောတာပါ။ နိုင်ငံတကာ အသိအမှတ် ပြုစေချင်ရင် ပြည်သူက ပြည်သူအလုပ်လုပ်ရပါမယ်။ ပြည်သူမှ ပြည်သူသို့ အစီအစဉ်ကို လုပ်ဆောင်ကြပါ။ ပြည်သူသို့ ဆိုတဲ့ စာကြောင်းလေးတစ်ခု အဲ့တာ အမေစု ရဲ့ လူတွေလုပ်ရမယ့်အရာကို ကြိုပြောခဲ့တဲ့ စကားပါ။ ယခု ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဟာ နည်းလမ်းများစွာနဲ့ အသက်ဝင်လာပါပြီ။ လုပ်ဆောင်မှု နည်းလမ်းတွေမှာ မိမိမသိရင် မသိသလိုလေးသာ နေပေးခြင်းဟာ ကူ ညီရာ ရောက်စေပါတယ်။ စကစကို ဘယ်နေရာမှ လူရာမဝင်အောင် အစွယ်တွေကို တစ်ချောင်းချင်းစီ ချိုးပစ်ရပါမယ်။


ခု သဘာဝဘေးကြောင့် နေရာတချို့မှာ ရေကြီးမှုကိုလည်း ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် စကစ အစွယ်များကို ရိုက်ချိုးပစ်ပါ။ အမေစုပြောသလို အကြောင်းအရာတခုကို မှတ်မိအောင် အကြိမ်နှစ်ရာမက ကျမတို့က ပြောနေရပါမယ် ဆိုတဲ့စကားအတိုင်း ဆက်လက်ပြောနေရဦးမည်ဖြစ်ပါတယ်။ အရေးတော်ပုံ အောင်ကိုအောင်ပါမည်။


crd-