အမေရိကန်ဘဏ်က ဒေါ်လာတစ်ဘီလီယံကို မြန်မာစစ်တပ် ထုတ်ဖို့ကြိုးစားမှုတားဆီးနိုင်ခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြ


အမေရိကန်ဘဏ်က ဒေါ်လာတစ်ဘီလီယံကို မြန်မာစစ်တပ် ထုတ်ဖို့ကြိုးစားမှုတားဆီးနိုင်ခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြ

အမေရိကန်နိုင်ငံ Federal Reserve ဘဏ်မှာ မြန်မာနိုင်ငံက အပ်နှံ့ထားတဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကို မြန်မာစစ်ခေါင်းဆောင်တွေက ထုတ်ယူဖို့ကြိုးပမ်းခဲ့တာကို အမေရိကန်အစိုးရက တားဆီးနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


မြန်မာစစ်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်တာဝန်ရှိသူသုံးယောက်က ဖေဖော်ဝါရီလ (၄) ရက်မှာ ထုတ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး သူတို့တွေရဲ့နာမည်ကိုတော့ အမေရိကန်အစိုးရဘက်က ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားပါတယ်။


မြန်မာအစိုးရဲ့ အရံနိုင်ငံခြားငွေ တစ်ဘီလီယံကို နယူးယောက်ဖက်ဒရယ်ဘဏ်က စီမံခန့်ခွဲနေတာဖြစ်ပြီး အဲဒီငွေတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိမှပဲ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့က စီးပွားရေးပိတ်ဆို့မှုတွေ ချက်ချင်းပြုလုပ်ခဲ့ပါတယ်။


ကုလသမဂ္ဂရဲ့ မနေ့ကအထိ ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လူ (၅၄) ယောက်ထပ်မနည်းသေဆုံးခဲ့ပြီး သတင်းသမား (၂၉) ယောက်အပါအဝင် လူ (၁၇၀၀) ကျော်ဖမ်းဆီးခံထားရပါတယ်။


Ref : Reuters

#Omedia #WhatsHappeningInMyanmar #US

Credit