စစ်ကောင်စီ၏ပေးပို့သဝဏ်လွှာနှင့်ပတ်သတ်၍ KIA တပ်ချုပ်သဘောထားထုတ်ပြန်


စစ်ကောင်စီ၏ပေးပို့သဝဏ်လွှာနှင့်ပတ်သတ်၍ KIA တပ်ချုပ်သဘောထားထုတ်ပြန်

~ မနေ့က လိုင်ဇာကို မြန်မာစစ်တပ်ပေးပို့တဲ့ သဝဏ်လွှာရောက်တယ်ဆိုတာမှန်ပါတယ်၊ မြန်မာစစ်တပ်ရဲ့ရေးသားချက်တွေ စာထဲမှာသိပ်ကောင်းပါတယ်၊ သို့သော် နှစ် ၆၀လုံးလုံး သူတို့ဒီလိုစာတွေခဏခဏရေးပို့တော့ အလွတ်ရနေသလိုဖြစ်နေပြီ၊ ကနီနယ်ခံ PDF ခလေးတွေကိုနှပ်ကြောင်းပေးပြီးဖမ်းသတ်တဲ့အလုပ်မျိုးလုပ်နေတဲ့သူပုန် မြန်မာစစ်တပ်ကို ဘယ်လိုမှယုံစားနေစရာအကြောင်းမရှိပါဘူး။ N


CA ဆိုတာအစောကတည်းက စပြီးလက်မှတ်ထိုးကြကတည်းက ကျနော်တို့ ကချင်တပ်မတော် KIA အနေနဲ့ မြန်မာစစ်တပ်၊ အခုတော့သူပုန်တပ်ပေါ့ဗျာ၊သူတို့ကိုမယုံလို့ကို လက်မှတ်မထိုးခဲ့တာ၊ ကျွန်တော်ပြောခဲ့ပြီးပါပြီ ခုခေတ်မျိုးဆက်သစ် တိုင်းရင်းသားတွေ၊ပြည်မကမြန်မာပြည်သူတွေ မြန်မာစစ်တပ်ကိုဘယ်လောက်တောင်မုန်းတီးနေကြသလဲ ? ကျွန်တော်တို့ကချင် တပ်မတော်အနေနဲ့ ကချင်မြေကနေကျော်ပြီး မြန်မာတပ်တွေကိုမတိုက်ဘူး၊


လာကျူးကျော်ရင်အသေခံတိုက်မယ်၊ အဲ့ဒါကျွန်တော်တို့ရဲ့မူဝါဒဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာစစ်ပညာလာသင်တဲ့ PDF လူငယ်တွေကချင်နယ်စပ်ကနေစပြီး ပြည်မဘက်တိုက်ခိုက်သိမ်းပိုက်တာကျွန်တော်တို့နဲ့မဆိုင်ပါဘူး၊ လူငယ်လေးတွေကိုသင်ပေးတဲ့ဆရာတွေ တိုက်ပွဲဝင်အတွေ့အကြုံရှိအောင် PDF တွေနဲ့ပူးပေါင်းတိုက်ခိုက်သင်ကြားပေးတာရှိပါတယ်၊ သူတို့က သင်ပေးနေတာသာဖြစ်ပြီး ဝင်မတိုက်ပါဘူး။


ပြောတော့သာငြိမ်းချမ်းဖို့ကမ်းလှမ်းတယ်ပြောတယ် ..အခု ကချင်မြေထဲမှာရော KIA သတ်မှတ်ဇုံထဲတွေမှာ အင်အားအပြည့်အစုံနဲ့ လာတပ်စွဲနေကြပြီ မြေပြင်၊ ရေပြင်၊လေကြောင်းအကုန်လုံးအသင့်ပြင်နေကြပြီ၊ ဒါငြိမ်းချမ်းရေးအတွက်ဖြစ်ပါ့မလား။ ကချင်တပ်မတော်မှာ လက်နက်စက်ရုံတွေရှိပြီးသား လိုသလောက်လည်းထုတ်နိုင်တယ်၊ လက်နက်အ တွက်ပူစရာမလိုသလို စစ်သည်တော်တွေ အင်အားတောင့်တင်းမှုရှိတယ်၊ ကျွန်တော့်စစ်သည်တွေလစာမရဘူး၊ သူတို့လည်းမတောင်းဆိုဘူး၊


ကချင်တပ်မတော်ထဲသူ့အသိစိတ်နဲ့သူတို့ဝင်လာကြတဲ့ စစ်သည်တော်တွေဖြစ်တယ်၊ မြန်မာတပ်လို ပွဲစားနဲ့လူရှာပြီး စစ်တပ်ဖွဲ့ထားတာမဟုတ်ဘူး ဟု ကချင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။ အရှင်းဆုံးပြောရရင် တစ်နိုင်ငံလုံးက အဲ့ဒီသူပုန်တပ်ကို တိုင်းရင်းသားပေါင်းစုံ၊ ပြည်မ PDF အဖွဲ့တွေတစ်ပြိုင်တည်းစတိုက်ပြီဆိုရင် ကချင်တပ်မတော် ထိုင်ကြည့်မနေပါဘူး ပြည်သိမ်းပွဲအထိဝင်တိုက်ပေးမယ်လို့ ကျွန်တော် တာဝန်ခံပြောကြားပါတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောကြားသည်။


crd- Kachin State news