၅၁ နှစ်အရွယ် မိခင်က ၁၈ နှစ်အရွယ် သမီးနှင့် ညီအစ်မဟုထင်ရလောက်အောင် နုပျို


၅၁ နှစ်အရွယ် မိခင်က ၁၈ နှစ်အရွယ် သမီးနှင့် ညီအစ်မဟုထင်ရလောက်အောင် နုပျို

တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့်

ဟောင်ကောင်မင်းသမီး ချင်မိုင်ယူဆွတ်ချင် သည် နှစ်ပေါင်း

၂၀ ကျော်ကာလအတွင်း ထူးထူးခြားခြား ရုပ်ရင့်မသွားဘဲ

ယခုထက်ထိတိုင် နုပျိုလှပ ကြော့ရှင်းနေဆဲဖြစ်သဖြင့်

အားကျခံနေရသည်။


ထိုမင်းသမီးဟောင်းသည် ၁၉၈၇ ခုနှစ်တွင် စတင် နာမည်ကြီးလာသူ

ဖြစ်သည်။ အနုပညာလောကမ ၎င်း အနားယူသွားသည်မှာ နှစ်ပေါင်း

၂၀ ကျော် ရှိခဲ့ပြီဖြစ်သော်လည်း ယခင်အတိုင်း နုပျိုလှပနေဆဲဖြစ်

သဖြင့် ပရိသတ်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အသက် ၅၁ နှစ်အရွယ် ထိုမင်းသမီး၏ အကြီးဆုံးသမီးသည် ၁၈ နှစ်

ရှိပြီဖြစ်သည်။


နုနယ်ပျိုမြစ်လှသည့် ဆယ်ကျော်သက် သမီးဖြစ်သူနှင့် ယှဉ်လိုက်သည့်

အခါတွင် ၎င်းသည် အန်တီကြီးပုံစံ ပေါက်မနေဘဲ အစ်မပုံသာ ပေါက်

နေသည်။ ” သူတို့နှစ်ယောက် ယှဉ်ရပ်နေရင် သားအမိလို့ မထင်ရဘူး၊

ညီအစ်မလို့ပဲ ထင်ရတယ်” ဟု တရုတ်သတင်းစာတစ်ခုက အဆိုပါ

မင်းသမီးကို ချီးကျူးထားသည်။ “ဒီလောက် နှစ် ၂၀ ကျော်တာတောင်

ဘာ့ကြောင့် သူ ရုပ်မပြောင်းတာပါလိမ့်” ဟု အွန်လိုင်းသုံးစွဲသူများက

မေးခွန်းထုတ်နေကြသည်။


နေ့စဉ် နံနက်စာအဖြစ် အသီးအနှံသာစားပြီး တစ်နေ့ တစ်နာရီ

ယောဂပုံမှန် ကျင့်သဖြင့် နုပျိုခြင်းဖြစ်ကြောင်း ကလေးသုံးယောက်

မိခင် မင်းသမီးက ဆိုသည်။


၁၉၉၄ ခုနှစ်တွင် ထွက်သည့် God of Gamblers Returns ဆိုသည့်

နာမည်ကျော် ဇာတ်ကားကြီးတွင် ၎င်းက မင်းသား ချောင်ယွန်ဖက် နှင့်

တွဲဖက် သရုပ်ဆောင်ခဲ့သည်။


ချယ်ရီ