ကိုဗစ်နဲ့ပတ်သက်ပြီး ဘာဆိုဘာမှမပြောဖို့ ဝူဟန်ဓာတ်ခွဲခန်းအကြီးအကဲက သုတေသီတွေကို အမိ်န့်ပေးတဲ့ အီးမေလ်ပေါက်ကြားလာခဲ့


ကိုဗစ်နဲ့ပတ်သက်ပြီး ဘာဆိုဘာမှမပြောဖို့ ဝူဟန်ဓာတ်ခွဲခန်းအကြီးအကဲက သုတေသီတွေကို အမိ်န့်ပေးတဲ့ အီးမေလ်ပေါက်ကြားလာခဲ့

ဝူဟန်ဓာတ်ခွဲခန်းရဲ့ အကြီးအကဲဖြစ်သူက ဓာတ်ခွဲခန်းသုတေသီတွေကို ကိုဗစ်ရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်တဲ့အကြောင်းတွေကို မပြောဆိုဖို့တားမြစ်မိန့်ထုတ်ပြန်တဲ့ အီးမေးလ်ပေါက်ကြားမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်စတင်မှုဟာ ဝူဟန်ဓာတ်ခွဲခန်းကဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို သက်သေပြတဲ့အကြောင်းရင်းရာတစ်ခုဖြစ်ပြီး တရုတ်အစိုးရက ထိန်းချုပ်ဖုံးကွယ်ဖို့ကြိုးစားမှုကို ထုတ်ဖော်နိုင်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ စာပေးစာယူမှတ်တမ်းတွေက ထောက်ပြခဲ့ပါတယ်။


ပြည်သူ့ကျန်းမာရေးသုတေသန၊ အကျိုးအမြတ်ရယူခြင်းမရှိတဲ့အဖွဲ့အစည်းက (USRTK) က ဖော်ထုတ်ခဲ့တဲ့ အီးမေးလ်တွေအရ ဝူဟန်ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာဖြစ်သူက ကိုဗစ်နဲ့ပတ်သက်ပြီး ဆွေးနွေးတာတွေမပြုလုပ်ဖို့ ၂၀၂၀ ဇန်နဝါရီလအတွင်းက အီးမေးလ်ပေးပို့ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းတွေကို ဗိုင်းရပ်စ်ရဲ့ အမည်မသိအကြောင်းရင်းတွေကို အများပြည်သူကိုမပြောဖို့ တင်းကြပ်စွာတားမြစ်ထားတာတွေကို တွေ့ရှိခဲ့ရပါတယ်။


ပါမောက္ခ Wang Yanyi ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ သူတို့ရဲ့ဓာတ်ခွဲခန်းကနေ မတော်တဆပေါက်ကြားခဲ့တာမဟုတ်ဘူးလို့ အရင်ကတည်းက အခိုင်အမာငြင်းဆိုခဲ့ပြီး ဓာတ်ခွဲခန်းဟာ ရာနှုန်းပြည့်လုံခြုံစိတ်ချရတယ်လို့ ပြောခဲ့သူဖြစ်ပါတယ်။ ကွမ်ကျိုးအခြေစိုက်ဘလော့ဂါတစ်ယောက်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး USRTK က “ကွမ်ကျိုးအခြေစိုက်ဘလော့ဂါတစ်ယောက်က ကိုဗစ်-၁၉ အကြောင်း မဆွေးနွေးဖို့ ဝူဟန်ဓာတ်ခွဲခန်းဒါရိုက်တာက ဇန်နဝါရီမှာ အမိန့်ထုတ်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်၊ အဲဒီအကြောင်းအရာက အဲဒီကတည်းက လူမှုကွန်ယက်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။


ဒီအကြောင်းအရာဟာ ဗိုင်းရပ်စ်ဖြစ်ပွားစဉ်အစောပိုင်းကာလက WeChat Group တွေနဲ့ Weibo ပို့စ်၊ အခြားသောဝက်ဘ်ဆိုက်တွေမှာ အနည်းငယ်လူသိများခဲ့ပြီး တရုတ်အာဏာပိုင်တွေက ဆင်ဆာဖြတ်တောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ USRTK ရဲ့ အမှုဆောင်ဒါရိုက်တာ Gary Ruskin က “ကိုဗစ်မူလအစနဲ့ ပတ်သက်ပြီး

တရုတ်က ပါးစပ်ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တာအတွက် ကျယ်ပြန့်တဲ့ သက်သေအထောက်အထားတွေရှိပါတယ်၊ ဒါက ကြီးမားတဲ့အမှိုက်ပုံကြီးထိပ်က အထောက်အထားသေးသေးလေးတစ်ခုပါပဲ”


“အများပြည်သူအကျိုးစီးပွားအတွက် ကျွန်တော်နှစ်ပေါင်း ၃၀ ကျော် အလုပ်လုပ်လုပ်ခဲ့ပါတယ်၊ ကျွန်တော့်အတွေ့အကြုံအရဆိုရင် အဖွဲ့အစည်းတစ်ခုက ဒီလိုပြုမူတာဟာ သူတို့ကကြီးလေးတဲ့အရာတစ်ခုကို ဖုံးကွယ်ဖို့ဆိုတာ သိသာတဲ့လက္ခဏာပါပဲ၊ ဒီလိုမှမဟုတ်ရင် ငြင်းတာ၊ ပုန်းလျှိုးကွယ်လျှိုးနဲ့ အစဖျောက်တာတွေ၊ ပြီးတော့ ပြသနာအားလုံးကို သည်းခံပြီးတော့ သူတို့ဘာလို့လုပ်နေတာလဲ” လို့ The Sun ကို ပြောကြားခဲ့ပါတယ်။


ကပ်ရောဂါမတိုင်ခင်ကတည်းက ဝူဟန်ဓာတ်ခွဲခန်းမှာ ပါမောက္ခ Wang ဦးဆောင်ပြီး SARS အတွက် အထူးလေ့လာမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ယခင်ကလည်း ဗိုင်းရပ်စ်တွေက အဆုတ်ကို တိုက်ခိုက်နိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်စေပုံကို လေ့လာခဲ့ကြပါတယ်။ အခုထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ သူမက အီးမေးလ်ပို့ထားခဲ့တဲ့ အကြောင်းအရာလည်း ပါဝင်ခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ဝူဟန်ဓာတ်ခွဲခန်းကသုတေသီတွေဟာ အင်တာဗျူးပြန်လည်ပြောကြားဖို့ အတတ်နိုင်ဆုံးရှောင်ရှားခဲ့တာကိုလည်း သတိထားမိခဲ့ကြပါတယ်။


လက်ရှိမှာ WHO က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးနေပေမယ့်လည်း ကိုဗစ်ဟာ တရုတ်ပြည်က စတင်ခဲ့တယ်လို့ အများစုက ယုံကြည်နေကြပါတယ်။ ဝူဟန်ဓာတ်ခွဲခန်းမှာ အလုပ်လုပ်တဲ့ သုတေသီတွေ ဆေးရုံတက်ရမှု၊ ဝူဟန်မြို့ပင်လယ်စာစျေးအတွင်းကနေ စတင်ပြီးကူးစက်မှုတွေကြောင့် ဒီယူဆချက်တွေဟာ ပိုမိုခိုင်မာလာပြီး အခုအခါမှာ ဓာတ်ခွွဲခန်းအကြီးအကဲရဲ့ နှုတ်ပိတ်နေဖို့ တားမြစ်တဲ့ အီးမေးလ်ထွက်ပေါ်လာမှုကြောင့် ကိုဗစ်အစ ဝူဟန်ကဆိုတဲ့ သုံးသပ်နေမှုတွေက ဖြစ်နိုင်ချေပိုမိုမြင့်မားလာခဲ့ပြီဖြစ်ပါတယ်။