ဆေးရုံမှာတက်ရောက်နေတဲ့ လူနာအယောက် (၅၀၀)စာအတွက် ထမင်း၊သောက်ရေနဲ့ ဆေးဝါးတွေလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ


ဆေးရုံမှာတက်ရောက်နေတဲ့ လူနာအယောက် (၅၀၀)စာအတွက် ထမင်း၊သောက်ရေနဲ့ ဆေးဝါးတွေလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ သြဂုတ်လ (၁)ရက်နေ့မှာ ဆေးရုံတက်ရောက်ဆေးကူသမှုခံယူနေရတဲ့ လူနာတွေအတွက် အလှူလေးပြုလုပ်ခဲ့ပါတယ်။ ခန့်စည်သူကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို မပြတ်တမ်းပြုလုပ်လေ့ရှိတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။


ဒီနေ့မှာလည်း ခန့်စည်သူက ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး နှင့် အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီးတွေမှာ တက်ရောက် ကုသနေတေဲ့ လူနာများအတွက် ထမင်းဗူး (၅၀၀)၊သောက်ရေသန့်နဲ့ လိုအပ်တဲ့ဆေးဝါးတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံအတွက် လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။


ခန့်စည်သူကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့မျှဝေထားပြီး ရောဂါဝေဒနာခံစားနေရသော လူနာများအမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေ လို့လည်း ဆုတောင်းပေးထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခန့်စည်သူရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။


Source – Kyaw Soe Win