ကာကွယ်ဆေးတစ်ကြိမ်ထိုးတိုင်း ဒေါ်လာ ၁၀၀ ပေးမယ်လို့ မက်လုံးပေးလိုက်တဲ့ ဂျိုးဘိုင်ဒန်

ကိုဗစ်ကာကွယ်ဆေးထိုးနှံသူတွေကို တစ်ကြိမ်ထိုးနှံရင် ဒေါ်လာ ၁၀၀ ဆုချီးမြှင့်ဖို့အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒေသအစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။ ပြည်သူတွေကို ကာကွယ်ဆေးအထောက်အထားတွေ ပေးဖို့ ဒါမှမဟုတ် ပုံမှန်စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့နဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေအတွက် လိုအပ်တဲ့စည်းမျဉ်းသစ်တွေချမှတ်ဖို့လည်း သူက ပြောခဲ့ပါတယ်။

နိုင်ငံတွင်းမှာ Delta ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာနေလို့ ကာကွယ်ဆေးထိုးဖို့စိတ်မဝင်စားတဲ့ အမေရိကန်တွေကို တွန်းအားပေးဖို့ နောက်ဆုံးအကြိမ်ကြိုးပမ်းမှုလည်းဖြစ်တယ်လို့ France 24 က ဆိုပါတယ်။ ကာကွယ်ဆေးကို အခမဲ့ထိုးနှံခွင့် ရရှိထးာပေမယ့်လည်း အမေရိကန်က အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ကာကွယ်ဆေးထိုးနှုန်း နောက်ကျနေပြီး အိမ်ဖြူတော်ရဲ့ကြိုးပမ်းမှုဟာလည်း ကာကွယ်ဆေးဆန့်ကျင်သူတွေ၊ သတင်းမှားတွေနဲ့ နို်င်ငံရေးကွဲပြားမှုတွေကြောင့် ရုန်းကန်နေရပါတယ်။

“အခုက လူတွေအများအပြားသေဆုံးနေတာ ဒါမှမဟုတ် သူတို့ချစ်ရတဲ့သူတွေကို စောင့်ကြည့်နေရပါပြီ၊ လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုပါ ပါလာပါတယ်၊ ဒါကြောင့် တာဝန်ရှိတဲ့ ဆုံးဖြတ်ချက်မျိုးကို ကျင့်သုံးပြီး ကိုယ်တိုင်ကာကွယ်ဆေးထိုးမယ်၊ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ရဲ့တိုင်းပြည်အတွက် ကာကွယ်ဆေးထိုးပါ” လို့ အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဘိုင်ဒန်က ပြောကြားခဲပါတယ်။

အမေရိကန် CDC ရဲ့ အဆိုအရ အမေရိကန်လူဦးရေ သန်းပေါင်း ၃၃၀ မှာ လူပေါင်း ၁၆၃.၈ သန်းဟာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေးမထိုးနှံထားတဲ့ ဖက်ဒရယ်အစိုးရဝန်ထမ်းတွေကို အပတ်စဉ် ဒါမှမဟုတ် နှစ်ပတ်တစ်ကြိမ် ကိုဗစ်စစ်ဆေးမှုတွေ ပြုလုပ်ပေးနေပြီး ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ထားတာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း စစ်သားတွေကို ဘယ်လိုအချိန်၊ ဘယ်လိုမျိုးနဲ့ ကာကွယ်ဆေးထိုးပေးနိုင်မလဲဆိုတာကို ဘိုင်ဒန်က တိုက်ရိုက်ညွှန်ကြားထားပါတယ်။

တချိန်တည်းမှာ ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရတွေဟာ ကာကွယ်ဆေးထိုးနှုနး်မြှင့်တင်ဖို့ ကြိုးပမ်းမှုမှာ ကာကွယ်ဆေးထိုးနှံမယ့်သူတိုင်းကို ဒေါ်လာ ၁၀၀ အထိ ပေးသွားဖို့ စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။ “အခုမှထိုးမယ့်သူတွေကို ဒေါ်လာ ၁၀၀ ပေးပြီးတော့ ထိုးပြီးသားသူတွေကို မပေးတာက မတရားဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒီသဘောတူညီချက်က မက်လုံးပေးဆွဲဆောင်တာက ဗိုင်းရပ်စ်ကို အနိုင်ယူနိုင်မယ်ဆိုရင် ဒါကို ကျွန်တော်တို့ သုံးသင့်တယ်လို့ ယုံကြည်ပါတယ်” လိ့ု ဘိုင်ဒန်က ဆိုပါတယ်။